ဝက်သိုက်ရွာ၊ စလင်းမြို့နယ်
ဝက်သိုက်ရွာ သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၄၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရှမ်းစုကျေးရွာအုပ်စုတွင် ကျား ၁၂၈၄ ဦး၊ မ ၁၅၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၅၁ ဦးနေထိုင်သည်။ စလင်းမြို့နယ်နှင့် နှစ်မိုင်အကွာတွင် တည်ရှိပြီး ဆင်ဖြူကျွန်းမြို့နှင့် ကိုးမိုင်ခန့်ကွာဝေးသည်။ အိမ်ခြေစုစုပေါင်း ၃၇၀ ဝန်းကျင်ခန့်ရှိပီး လူဦးရေ ၁၃၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စလင်းမြို့နှင့် ကားလမ်း ဆိုင်ကယ်လမ်း များကောင်းမွန်စွာသွားလာနိုင်သည်။ အဓိကစီးပွားရေးအနေဖြင့် လယ်ယာအလုပ်ဖြင့်အသက် မွေးဝမ်းကျောင်းပြုကြပြီး ရာသီအလိုက် နှမ်း၊ ပဲ နှင့် စပါးစိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးကြသည်
Read article